Follow Me on Facebook

Facebook Badge

Friday, October 9, 2015

ဝမ်းနည်းတတ်တဲ့ကျွန်တော်

ဒီကနေ့ ခံစားမိတာလေး


ကျွန်တော် စိတ်မဆိုးတတ်ပါ။

စိတ်မကောက်တတ်ပါ။

သို့သော်....
ဒေါသအလွန်ကြီးပါ၏။

ထစ်ခနဲရှိ ဝမ်းနည်းတတ်သည်။

၇ နှစ်တိုင်တိုင် သတိထားနေမှုကြောင့်
ဒေါသကို အတော်အတန်ထိန်းချုပ်လာနိုင်သော်လည်း
ဝမ်းနည်းတတ်သည့်စိတ်ကိုမူ ထိန်းချုပ်ရန်မစွမ်းနိုင်သေးပါ။

ထို့ပြင် မျက်ရည်ကျတတ်ခြင်းက အလွန်ဆိုးသည်။
ဝမ်းနည်းစရာကြုံရလျှင် မျက်ရည်ကအလိုလိုကျလာသည်။
ဝမ်းသာပီတိဖြစ်စရာဆိုလည်း မျက်ရည်က ကျလာသည်။
အငိုရွဲတတ်တဲ့ကျနော့်အကြောင်း ငယ်ပေါင်းတွေတော့ သိသည်။ သို့သော် ဓါးရှလို့၊ အပင်ပေါ်ကပြုတ်ကျလို့၊ ထိပ်ကွဲလို့စသည့် ခံစားချက်မပါသော နာကျင်မှုများအတွက်တော့ မျက်ရည်ကျလေ့မရှိပါ။

ဝမ်းနည်းမှုကြောင့်အမှုမဲ့ပြုလုပ်မိတာလေးတွေကို တချို့အပေါင်းအဖော်တွေက
စိတ်ဆိုး စိတ်ကောက်သည်လို့ထင်ပြီး စိတ်မဆိုးပါနဲ့လာလာပြောခဲ့ဖူးသည်။

ငယ်ငယ်က ဗွီဒီယိုရုံမှာ ဇာတ်လမ်းကြည့် မျက်ရည်ဝဲတတ်တဲ့ကျနော်...
ခုချိန်ထိ စာတွေဖတ်ပြီးမျက်ရည်ကျနေဆဲ
ဇာတ်လမ်းတိုတွေကြည့်ပြီး မျက်ရည်ကျနေဆဲ ပါ။

တစ်ခါတစ်လေ လူတွေရှိတဲ့ပတ်ဝန်းကျင်မှာ မသိမသာမျက်ရည်ကောက်သုတ်ပြီး
တစ်ယောက်တည်း ကိုယ့်ဘာသာရှက်သလိုလိုတွေ့မိတာတွေရှိသည်။
ယောက်ျားဖြစ်ပြီး မျက်ရည်ကျတယ်ဆိုပြီး ပြောခံရမှာကြောက်မိခဲ့သည်။

ဒါပေမယ့် မတတ်နိုင်လေ။

ဒေါသတကြီး ပြုမူမိခဲ့တာတွေကိုအမှတ်ရပြီး ဒေါသကိုထိန်းချုပ်လာနိုင်ခဲ့ပေမယ့်
ဝမ်းနည်းစရာကြုံလို့ ဝမ်းမနည်းပဲနေနိုင်အောင်တော့ အတော်ကြိုးစားရပေဦးမည်။
ချောင်တစ်ချောင်မှာခိုပြီး ငိုတတ်တဲ့ ကလေးဘဝရဲ့ အထာတွေက ကျန်ရှိနေတုန်းဆိုတော့။

သို့သော် ဝမ်းနည်းမှုတွေကြောင့် တွေဝေလေလွင့်မှုတွေ ဒူးထောက်အရှုံးပေးမှုတွေ ဘယ်တော့မှပြုလုပ်မိမှာမဟုတ်ဘူးဆိုတာတော့ ကိုယ့်ကိုကိုယ်ယုံကြည်သည်။
ဘဝသံသရာရဲ့ ဘယ်လိုမှ ဖျက်ပစ်လို့မရတဲ့ အဓိဋ္ဌာန်တွေ နှလုံးသားမှာ သိုဝှက်လျက်တည်နေသည်။ ဒါတွေကို ကျနော် အပျက်မခံပါ။

ကိုယ်သွားနေတဲ့လမ်းမှာ ဆူးခလုတ်တွေရှိမည် နင်းမိလျှင်တော့ နာကျင်မည်။
မထင်မှတ်ပဲ နင်းမိတာတွေရှိမည် မြင်လျက်နဲ့ တက်နင်းရတာတွေရှိသည်။ နှုတ်မရတဲ့ဆူးတွေရှိမည် နှုတ်ပစ်လိုက်တဲ့ဆူးတွေလည်းရှိသည်။
နင်းမိလို့ စူးနက်ဝင်သွားတဲ့အခါ နာကျင်မှုတော့ ခံစားရမည်လေ။

ဝမ်းနည်းစရာအကြောင်းအရာများသည်လည်း ဆူးများသို့ပင်။
သူများမှာစူးလျှင်တော့ ကိုယ်ထွင်ပေးဖို့တတ်ပေမယ့် ကိုယ့်ဆူးကိုယ်ထွင်ဖို့ တစ်ခါတစ်လေ အခက်အခဲတွေ ကြုံဖူးကြမည်ထင်ပါသည်။

Friday, October 2, 2015

My Day

Good Morning !


going to office :)


Good Evening !


coming back to home :)